Poem
ချစ်သူများနေ့ဆိုတာ.............
အပျိုစင်ဘဝကို တချိန်လုံး ထိန်းသိမ်းလာခဲ့ပြီးမှ
တည တည်းနဲ့ သဲထဲရေသွင်သလို အဖြစ်မခံစေချင်ပါဘူး
ချစ်သူများနေ့ကို ပျော်ရွှင်စွာဆင်နွှဲလို့ရပါတယ်
လင်မယားနေ့လို့ မသတ်မှတ်လိုက်ကြပါနဲ့
ချစ်သူအချင်းချင်း အပြန်လှန်ချစ်လို့ရပါသည်။
တယောက်နှင့်တယောက် အပြန်လှန်မနစ်ကျမိပါစေနဲ့
ချစ်သူတွေဆိုတာ စိတ်ချင်းချစ်တာအကောင်းဆုံးပါ
တယောက်နှင့်တယောက်ကျွံပြီး ချစ်စရာမလိုပါဘူး
မိမိနှင့် တွဲလာသော ချစ်သူသည်
အတည်အလင်း အနာဂတ်ခရီး ကို
ပေါင်းသင်းလက်ထပ်ပြီး နေသွားရမယ်လို့ မပြောနိုင်ပါဘူး။
မိန်းကလေးများသည် အရှက်အကြောက်နဲ့
အပျိုစင်ဘဝကို ထိန်းသိမ်းတတ်ရပါမည်။
ခေတ်ကာလမကောင်းတဲ့ လူငယ်တွေ လက်ဆော့ချက်ကြောင့်
Online ပေါ် အလွယ်တကူ ပျံ့သွားနိုင်ပါသည်။
ထိုချိန်မှ မိမိမှားပြီးဆိုတဲ့ အတွေးဝင်လာလည်းအပိုပါ။
မြန်မာနိုင်ငံဖြစ်တဲ့ အတွတ် မြန်မာလူလိုနေတာအကောင်းဆုံးပါ။
တဖတ်နိုင်ငံပီပီ (Living Together) နေဖို့ မသင့်တော်ပါဘူး
မိန်းကလေးများသည် အပျိုစင်ဘဝ ကို ထိန်းသိမ့်ထားသင့်ပါသည်
ယောက်ကျားလေးဆိုတဲ့ မျိုးက ကိုယ့်ကသာရှုပ်ချင်ကျတာပါ
မိမိ ပိုင်ဆိုင်မဲ့ အိမ်ထောင်ရှင်ဆိုတာ အပျို ဘဝကိုပဲ
ရွှေ၊စိန် တွေထက် ပိုတန်းဖိုးထားပြီး မတ်မောကြပါသည်။
လူတိုင်း လူတိုင်းဟာ စိတ်ခဏတာလေးထကြွမှုကို
ထိန်းတတ်ရပေမဲ့ ခဏတာဆက်ဆံလိုက်ပေမဲ့
မိန်းကလေးဆိုတာ မျိုးက တစ်ဘဝစာနဲ့
ချီပြီး ဖြစ်နေတတ်တယ်ဆိုတာ ယောက်ကျားလေးတိုင်း
သိထားသင့်ပါတယ်
အခုခေတ်မှ အရမ်း ခေတ်စားလာတဲ့
ယောက်ကျားလေးများက မိန်းကလေးများကို
သဘောကြပုံက ရွေးချယ်တတ်လာကြပါတယ်
အပြင်ပန်းရဲ့ စိတ်ခံစားမှုကို ခံစားပြီးချစ်ရင်တော့
အချစ်ဆိုတာ အကြာကြီးဒွန့်မရှည်နိုင်ပါဘူး ခဏတာလေးပါပဲ
အချစ်တခု မှာ .......................
'လှလို့ ချစ်တာမဟုတ် ချစ်လို့လှသွားတာပါ 'ဆိုတဲ့
အတွေးလေးတွေနဲ့ ချစ်ရင်တော့ တဘဝ လုံးစာ
ရည်ရှည် အကြာကြီး လက်တွဲသွားနိုင်မယ်လို့
မိန်းကလေးများ ကို ပြောချင်ပါသည်
'Happy Valentine' မှာ အပျိုစင် ဘဝ ကို ထိန်းသိမ်းပြီးပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ
Writer - Sky
'ချစ်သူများနေ့ နီးလာသော မိန်းကလေးများအတွတ်'
×××××××××××××××××××××××××××××××××ချစ်သူများနေ့ဆိုတာ.............

Comments
Post a Comment