ရွှေဘိုမြို့တည် အလောင်းမင်းတရားကြီး
ဦးအောင်ဇေယျလက်ထက်တွင် မူးမြစ်သည် ဆိပ်ခွန်ရွာ၏ အနောက်ဘက်ဘေးမှ
ကပ်လျှက်စီးဆင်းခဲ့လေသည်။ ထိုမူးမြစ်အတွင်းရောင်းဝယ်ဖောက်ကားကြသော လှေ၊
သဘောင်္များထံမှ အခွန်များကို ကောက်ခံကာ မင်းနေပြည်တော်သို့ဆက်သရာမှ
အခွန်ကောက်သည့်ဆိပ်ကမ်း ရွာကြီးအဖြစ်တည်ရှိခဲ့သောကြောင့်
ဆိပ်ခွန်ဟုတွင်ခဲ့သည်ဟု သိရသည်။
တချို့အဆိုများအရတွင်မူမင်းနေပြည်တော်သို့၎င်းဒေသမှထွက်သောဆီများကိုအခွန်အဖြစ်ဆက်သရသောကြောင့်ဆီခွန်ရွာဟုခေါ်တွင်ရာမှ
တဖြေးဖြေးဖြင့်ဆိပ်ခွန်ဟုပြောင်းလဲလာခဲ့သည်ဟုဆိုသည်။ယခုအခါတွင်ဆိပ်ခွန်ရွာဟုသာအများကခေါ်တွင်ကြ လေသည်။ဆိပ်ခွန်ရွာသည်
ရွှေဘိုမြို့အနောက်ဘက် ၇မိုင်ခန့်အကွာတွင်တည်ရှိသည်။
၂၄ကျောင်းရှိကာသံဃာပေါင်း၄၀၀နီးပါးသီတင်းသုံးနေထိုင်လျှက်ရှိသည်။
ထိုထင်ရှားကျော်ကြားသော စေတီများအနက် အင်ကြင်းတောစေတီတော်မြတ်ကြီးမှာ
အထူးထင်ရှားကျော်ာကြားလေသည်။
အင်ကြင်းတောစေတီတော်၏ သမိုင်းကား . . . .
အင်ကြင်းတောစေတီသည် သီရိဓမ္မာ
အသောကမင်းကြီး၏ ကောင်းမူတော် စေတီတော်ဖြစ်ကြောင်း
သမိုင်းမှတ်တမ်းအထောက်အထားများရသိရှိရလေသည်။ သာသနာသက္ကရဇ် ၂၂၄-၂၂၇
ခုနှစ်များတွင် ဘုန်းတန်ခိုးကြီးမားသော အသောက မင်းကြီးသည်
ဂေါတမမြတ်စွာဘုရားဟောကြားတော်မူခဲ့သော ဓမခန်ဓါပေါင်း ၈၄၀၀၀ ကို ရည်စူးပြီး
၈၄၀၀၀ သော မြို့ရွာများတွင် ဘုရားစေတီများကို တည်ထားခဲ့ပေသည်။
ထိုသို့တည်ရာတွင် အဇာတသတ်မင်း ခဲယဉ်းစွာမြှပ်နှံပြီး ကိုးကွယ်တော်မူသော
မြတ်စွာ ဘုရား၏ သရီရဓာတ်တော်(၇)စရွတ်တို့ကို သိကြားမင်းနှင့်
ဝိသကြုံနတ်သားတို့၏ စောင့်ရှောက်အကူအညီဖြင့် ရယူပြီး
အတိုင်းတိုင်းအပြည်ပြည်အနှံ ဝေငှပေးစေဌာပနာပြုလျက် ဥာဏ်တော်သံငါးတောင်အရွယ်
(သံတစ်တောင် ၁၉ လက်မ)မုဋ္ဌောစေတီများကို တည်စေခဲ့ပါသည်။
ထို့နောက် သက္ကရာဇ် ၅၃၆ ခုနှစ်တွင် ပုဂံ
နရပတိစည်သူမင်းသည် နောင်တော်မင်းယဉ်နရသိင်္ခကို သတ်မိသဖြင့်သံဝေဂရတော်မူကာ
ရှေးမင်းကောင်း ဘုရားပိုးဟောင်းတို့ကို ပြုပြင်မွန်းမံတော်မူခဲ့သည်။
ထိုသို့မွန်းမံတော်မူရာတွင် ဆင်းကွပ်မှ ရွှေမုဋ္ဌောဘုရား၊ ရွှေဘိုမြို့မှ
ရွှေတန်ဆာဘုရား၊ ယခင်ကမင်းကြီးကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့သော ဆိပ်ခွန်ရွာမှ
အင်ကြင်းတော စေတီတော်တို့ကို ပြုပြင်မွမ်းမံခဲ့သည်။
အင်ကြင်းတောစေတီကိုပြုပြင်မွမ်းမံရာတွင် စေတီ ဥာဏ်တော်ကို ၆၅တောင် (၉၇ပေ၊၆
လက်မ)အထိတိုးချဲ့မွမ်းမံခြင်း၊ နှစ်စဉ်နှစ်တိုင်း
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင် ဆီမီးပူဇော်ရန်
လယ်တော်များလှူခဲ့ခြင်းစသည်တို့ကို သမိုင်းအထောက်အထားများအရသိရသည်။
ထို့နောက်တွင်ကား
မင်းတုန်းမင်းဘုရားလက်တွင် လည်းကောင်း၊ သီပေါမင်း လက်ထက်တွင်လည်ကောင်း
မင်းအသီးသီမှ ဆက်လက်ပြီးပြုပြင်ခြင်းများကိုပြုလုပ်ခဲ့ ကြသည်။
သီပေါမင်းလက်ထက်တွင်ကား စေတီတော်ကြီးအား ထီးတော်မှ ဖိနပ်တော်အထိ
ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ ၁၂၄၇ ခုနှစ်တွင် သီပေါမင်းပါတော်မူပြီးနောက်
ဆိပ်ခွန်ရွာ ပိဋကတ်ကျောင်းတွင် သီတင်းသုံးသော သီလုံးဂိုဏ်းထောက်ဆရာတော်
ဦးပဏ္ဍ၀နှင့် မဟာဗိုလ်ဆရာတော်ကြီး၏ တပည့် မဟာဗိုလ်ဂိုဏ်းထောက်ဆရာတော်
ဦးသုဇာတတို့က ကြီးမှူးကြပ်မတ်ထိန်းသိမ်းပြုပြင် စောင့်ရှောက်ခဲ့ကြသည်။
ရွာသူရွာသားများဧ။် ကုသိုလ်တော်
၁၂၅၅ ခုနှစ်တွင် စေတီတော်ကြီး၏
ပတ်ဝန်းကျင် ကျေးရွာများနှင့် ဆိပ်ခွန်ရွာသူရွာသားများမှ စေတီတော်ကြီး၏
ပစ်စယာသုံးဆင့်ပတ်ပတ်လည်တွင် စေတီအရံဆူရေ ၁၅၈ဆူကို
ဖြည့်စွက်တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ၁၂၅၆ ခုနှစ်တွင် စေတီတော်ကြီး၏
အရှေ့ဘက်မှ နတ်မုခ်လှေကားနှင့် ယင်းအထက်မှ စေတီတော်တစ်ဆူ ပေါက်ခြင်း၊ ၁၂၈၄
ခုနှစ်တွင် ရွှေသားချိန် ၂၅ကျပ်သား ၃ပဲရှိသော ငှက်မြတ်နားနှင့်
ရွှေထီးတော်ကြီးတို့ကို တင်လှူပူဇော်ခြင်းစသည်တို့ကို ကင်းဗျားရွာ၊
စောင်တန်းရွာ၊ ၀ါးရုံကန်ရွာ၊ လက်လှုပ်ရွာ၊ ကြောင်ရှာတောရွာ၊ ရုံးတောရွာ၊
သီလုံးရွာ စသော ပတ်ဝန်းကျင်ရွာများနှင့် ဆိပ်ခွန်ရွာသူရွာသားများ
စုပေါင်းကုသိုလ်ပြုခဲ့ကြသည်။
ဘီလူးနှစ်ကောင်မုဒ်ပေါက်(အနောက်ဘက်ဝင်ပေါက်)
သက္ကရာဇ် ၁၂၉၀ပြည့်တွင်
စေတီတော်ကြီး၏ ထီးတော်ချရားသီးမှ ဖိနပ်တော်အထိ ဆူလုံးပြည့်
ရွှေသင်္ကန်းတော်မြတ်ကပ်လှူပူဇော်ခဲ့သည်။ ၁၃၀၀ပြည့်နှစ်တွင် ပြင်းထန်သော
ငလျင်ဒဏ်ကြောင့် စေတီတော်မြတ်ကြီး ပြိုကျပျက်စီးခဲ့ရာ
စေတီတော်မြတ်ကြီးနှင့် ဌာပနာများကို အနီးအနားကျေးရွာများနှင့်
ဆိပ်ခွန်ရွာသူရွာသားများ ၀ိုင်းဝန်းပြုပြင်ရာ မူလဥာဏ်တော်မှ ၄ပေ ၆လက်မ
တိုးမြှင့် မွမ်းမံပြင်ဆင်ခြင်း၊ စေတီတော်ကြီးနှင့်
ယခုအခါစေတီတော်ကြီး၏
ဥာဏ်တော်အမြင့်မှာ ၁၂ပေအထိရှိလာခဲ့ပြီဖြစ်သည်။ စေတီတော်ကြီးနှင့်
ပတ်သက်ပြီး အင်ကြင်းပင်ကျောင်းတိုက်မှ သြ၀ါဒစရိယ အဂ္ဂမဟာပဏ္ဍိတ
စစ်ကိုင်းတိုင်း သံဃနာယကအဖွဲ့တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဦးအိန္ဒက က
ယင်းစေတီတော်ကြီး၏ အင်းထောင့်ဌာပနာတွင် မြတ်စွာ ဘုရား၏
နှလုံးသည်းပွတ်ကိုဌာပနာထားကြောင်း၊ နတ်များ ဆင်းသက်ပူဇော်လေ့ရှိရောင်း
မြွက်ကြားခဲ့ဖူးပေသည်။
(လဲလျောင်းနေသော အင်ကြင်းတစ်ကိုင်းပျဉ်းတစ်ကိုင်း)
(အမြဲတမ်းရေရှိနေတဲ့ရေကန်တော်နှင့် နှောင်းလူများလှုဒါန်းထားသောအာလိန်ငါးဆင့်)
ယင်းသို့ ရှေးမင်းများ၏
ကောင်းမှု့ကုသိုလ်များဖြစ်သည့် အင်ကြင်းတောဘုရား(ခေါ်) အင်ကြင်းတစ်ကိုင်း
ပျဉ်းတစ်ကိုင်း ဘုရားဟုလည်းခေါ်သော ထိုစေတီတော် မြတ်ကြီး၏ ဘုရားပွဲကြီးကို
ရှေးယခင်ကတည်းကပင် တန်ခူးလဆန်း(၈)ရက်မှ တန်ခူးလပြည့်နေ့အထိ ကျင်းပကာ
ဒေသခံလယ်သမားအလုပ် သမားများ နှင့် ပွဲတော်လာဈေးသည်များဖြင့်
စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်လေသည်။
ယခုလက်ရှိရွှေသင်္ကန်းကပ်လှူပူဇော်လျှက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
အကိုးအကား များ
– လှိုင်ဘွား ရေးသားသော အသောကမင်းကြီးကောင်းမှု အင်ကြင်းတောစေတီဆောင်းပါး
-ဆင်းကွပ်ကန်တော်ကျောက်စာ၊ ပလိုင်းကန်တော်ကျောက်စာ၊ ယင်းမာကန်တော်ကျောက်စာနှင့် မဟာရာဇ၀င်တော်ကြီး ပထမစာအုပ်စာမျက် နှာ ၁၆၃-၁၆၄
Comments
Post a Comment