Skip to main content
အရုဏ်ဦးကကြယ်
အရုဏ်ဦးကကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ၊
တို့ဗမာအမှောင်တွင်း
 |
အရုဏ်ဦးကကြယ်
|
သူခေါင်းဆောင်လို့လင်း။
စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ်အာဇာနည်၊
တို့ပြည်ကောင်းအောင် သူသယ်ပိုး
သူ့ဂုဏ်ဘယ်မညှိုး။
ရိုးသားဖြောင့်မတ် သူ့မူယာ
ငယ်ငယ်ထဲကပါ၊
ဗမာ့ပြည်သူ အချစ်ပန်း
ဗိုလ်ချုပ်ဦးအောင်ဆန်း။ ။ တင်မိုး
Comments
Post a Comment