Ah Mike Ma
လွမ်းဖို့လုပ်ထားတဲ့ ပန်းပုရုပ်ကလေး
ပဲပြုတ်နဲ့နံပြားအဘိဓမ္မာကို
ပြဿဒါး ရက်ရာဇာ မရွေးခဲ့ဘူး။
ကြည်ရေ
ပဲပြုတ်နဲ့နံပြားရရင်
စားချင်တယ်ဆိုတော့လည်း သူ
ဒီမှာ ကြည်
ရဲဘော်လေးတွေဟာ
တိုင်းပြည် ကာကွယ်ဖို့ အတွက်ပဲ ဖြစ်ရမယ်
မင်း ဈေးဆွဲခြင်း လိုက်ဆွဲပေးဖို့မဟုတ်ဘူးလို့
ပြောခဲ့တာလည်း သူ
မင်းအင်္ကျီဝတ်စရာမရှိတာ
ငါနဲ့ဆိုင်တယ် ဆိုပြီး
သူ့ကုတ်အင်္ကျီကြီး အကြော်တဲထဲ
ထားခဲ့တာလည်း သူ
အလွမ်းတွေနဲ့မြှူဆွယ်ခဲ့တာမဟုတ်ပေမယ့်
သူ ဟာ လွမ်းဖို့လုပ်ထားတဲ့
ပန်းပုရုပ်လေး ဖြစ်ခဲ့တယ်။ ။
အမိုက်မ
13-1-2015
ဗိုလ်ချုပ်အောင်ဆန်း
*****************လွမ်းဖို့လုပ်ထားတဲ့ ပန်းပုရုပ်ကလေး
ပဲပြုတ်နဲ့နံပြားအဘိဓမ္မာကို
ပြဿဒါး ရက်ရာဇာ မရွေးခဲ့ဘူး။
ကြည်ရေ
ပဲပြုတ်နဲ့နံပြားရရင်
စားချင်တယ်ဆိုတော့လည်း သူ
ဒီမှာ ကြည်
ရဲဘော်လေးတွေဟာ
တိုင်းပြည် ကာကွယ်ဖို့ အတွက်ပဲ ဖြစ်ရမယ်
မင်း ဈေးဆွဲခြင်း လိုက်ဆွဲပေးဖို့မဟုတ်ဘူးလို့
ပြောခဲ့တာလည်း သူ
မင်းအင်္ကျီဝတ်စရာမရှိတာ
ငါနဲ့ဆိုင်တယ် ဆိုပြီး
သူ့ကုတ်အင်္ကျီကြီး အကြော်တဲထဲ
ထားခဲ့တာလည်း သူ
အလွမ်းတွေနဲ့မြှူဆွယ်ခဲ့တာမဟုတ်ပေမယ့်
သူ ဟာ လွမ်းဖို့လုပ်ထားတဲ့
ပန်းပုရုပ်လေး ဖြစ်ခဲ့တယ်။ ။
အမိုက်မ
13-1-2015

Comments
Post a Comment