အောင်ဆန်းဇာနည်

အောင်ဆန်းဇာနည်

ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်ကို ကြိုဆိုလျှက်


ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။          ။


                                     တင်မိုး

Comments