19 july

" ဇူလိုင်​ ၁၉ (သို့မဟုတ်​) မချစ်​တဲ့သူ​တွေနဲ့အတူ​နေရတဲ့ သင်​ခန်းစာတစ်​ခု "

မိုးထဲ​ရေထဲမှာ
ကံကြမ္မာဆိုး​တွေ ရွဲရွဲစိုခဲ့ရ
ဇူလိုင်​ဟာ သမိုင်းမလှခဲ့ရပါဘူး။

၁၉ ဇူလိုင်​တဲ့
မ​ဖြေနိုင်​တဲ့ ဆုံးရှူံးမှု​တွေအတွက်
မျက်​ရည်​နဲ့အချိန်းအချက်​ ပြုခဲ့ရတဲ့
ဝမ်းနည်းဖွယ်​ စာမျက်​နှာတစ်​ခု
နှလုံးသားထဲက မိုးဥတု။

ဆုံးရှူံးခဲ့တယ်
အဆုံးအရှူံးက ကြီးမားခဲ့တယ်
အ​ရေအတွက်​က နည်းပါးခဲ့​ပေမဲ့
အဆုံးအရှူံးက မ​ရေမတွက်​နိုင်​ခဲ့။

လူတစ်​​ယောက်​အတွက်​ သက်​သက်​ဆို
ကျည်​ ၁၃​ ​တောင့်​မလိုခဲ့ပါဘူး
ရူးသွတ်​မိုက်​မဲခြင်း ​ပြောင်းဝမှာ
ကိုယ့်​အ​လောင်းကိုယ်​​ကောက်​ခဲ့ရတဲ့
မျိုးဆက်​တစ်​ခုရဲ့ဈာပန အတွက်
ခုထိ မျက်​ရည်​ကျရတုန်း။

"ငါတို့ မညီညွတ်​ခဲ့လို့" ဆိုတဲ့ ​နောင်​တတရားဟာ
တိုင်းပြည်​ရဲ့နဖူး​ပေါ်က အမာရွတ်​တစ်​ခု
မချစ်​တဲ့သူနဲ့အတူ​နေရတဲ့ သင်​ခန်းစာတစ်​ခု။

၁၉ ဇူလိုင်​မှာ
ကျည်​ဆံရာ ၁၃ ချက်​ဟာ
ခုထိ ရက်​စက်​နိုင်​တုန်း။        ။

         ၁၉ ဇူလိုင်​ ၁၀း၃၇
ksl page မှ ကူးယူဖော်ပြသည်။
Page link....https://www.facebook.com/KSL-556995394690607/




Comments