ခေါင်းမာတဲ့ဆိပ်ခွန်

 *       ရွှေဘိုနယ်က ခေါင်းမာတဲ့ ဆိပ်ခွန်ရွာ


   မီတာခတွေ သိန်းထောင်ချီ ကြွေးတင်နေလို့ သတိပေးတော့ ပိုက်ဆံမရှိ မဆောင်နိုင်ဘူးတဲ့။

   ဘေးရွာတွေက စစ်ပြေးတွေတော့ ထမင်းကျွေးထား

သည်၊ မီတာခတော့ မဆောင်။


   မီတာခ မဆောင်လို့ မီးဖြတ်ချလိုက်တော့ ဖရောင်းတိုင် ဆိုလာမီး နဲ့ နေကြသည်၊ ဖုန်းအားသွင်းဖို့ ဆိုလာပြားတွေ ရှစ်သောင်း ကိုးသောင်းပေး ဝယ်ကြသည်၊ မီတာခတော့ မဆောင်။


   ပျူစောထီးသာမက၊ စစ်သား ၁၀၀ လောက်နဲ့ဝိုင်း အမြောက်နဲ့ထု ဝင်စီးတော့ ဘာမျှမတတ်နိုင်၊ အချို့အိမ်ပိတ်ပြီး ထွက်ပြေးကြသည်၊ မီတာခတော့ မဆောင်။


   အိမ်တွေအဖောက်ခံရပြီး အထည်ကုန်ကြမ်း၊ကုန်ချောတွေ၊ဆနိအိတ်တွေ ကားနဲ့တိုက်ထုတ် ခံရတော့ သိန်းပေါင်း သောင်းချီ ဆုံးရှုံးသည်၊ ဒါလည်း မီတာခ မဆောင် ဘူး။


   ပညာတော်တော် မဲ့တဲ့ရွာ ပြောရအောင်လည်း ဆရာဝန်၊ အင်္ဂျင်နီယာ၊ စစ်ဗိုလ်၊ ပြည်တွင်း ပြည်ပ Phd တွေ၊ လူပညာရှိ ရဟန်းပညာရှိ တော်တော် ထွက်တဲ့ရွာ။


   အိမ်တိုင်းက မီတာတွေ လာဖြုတ်လည်း မီတာခတော့ ဆောင်မည် မထင်။

   မီတာခဆောင်ဖို့ ပိုက်ဆံ မရှိဘူးတဲ့ဗျာ။

.

Comments